မာန်အောင်သဇင်ချစ်သူ မှ စာပေ၀ါသနာရှင်များကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါသည်။

အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့

မိဘနှင့်သားသမီး ချမ်းမြေ့ပျော်ရွင်စွာ နေထိုင်ဖို့အတွက် သားသမီးတွေအနေနှင့် နောက်ထပ်ပေးဆပ်ရမယ့် အရည်အသွေးတခုကတော့ မိဘတွေရဲ့ မျိုးရိုးစဉ်ဆက်ကို စောင့်ထိန်းရမယ်ဆိုတဲ့အရည်အသွေးပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီအရည်အသွေးစာ မိဘတွေရဲ့တတိယမျှော်လင့်ချက်ပဲဖြစ်ပါတယ်။ မိဘတွေက ဘယ်လိုမျှော်လင့်ကြသလဲဆိုတော့ ငါတို့မွေးမြူထားတဲ့ သားသမီးတွေဟာ ငါတို့မိဘဘိုးဘွားတွေရဲ့ မျိုးရိုးစဉ်ဆက်ကို မတိမ်းကော မပ,ပျောက်အောင် ဆက်လက်ဆောင်ရွက်နေကြလိမ့်မယ်လို့မျှော်လင့်ကြတာဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်ဟာ သားသမီးတွေအနေနဲ့ လေးလေးနက်နက်ထားရမှာဖြစ်သလို မိဘတွေအနေနဲ့လည်း အလွန်အင်မတန်မှ လေးစားမြတ်နိုးမိတဲ့အချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားရေးရော ဘာသာရေးပါ အရေးကြီးတဲ့အချက်ဖြစ်သလို အရေးကြီးတဲ့ခေတ်ကြီးလည်း ရောက်နေလို့ပါပဲ။ ဆက်လက်ဖတ်ရန်

လူမူးရေးကို အဓိကထားပြီးတည်ဆောက်ထားတဲ့ မြန်မာနိုင်ငံ

မြစ်တွေ ချောင်းတွေ ရေအိမ်တွေက စီးဆင်းလာတဲ့ရေတွေဟာ ပင်လယ်ထဲကိုရောက်လာရင် အကုန် ဆားငံရည်ဖြစ်ကုန်တော့တယ်၊ ဘယ် တိုင်း၊ ဘယ်ပြည်နယ်ကလာလာ ဒီကျောင်းတိုက်ကိုရောက်လာ ယင်ဒီကျောင်းစည်းကမ်းအတိုင်းပဲနေရမယ်၊ ကျော့သား ရင်သားခွဲခြားမှူးမရှိရဘူး။ မိမိ ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဋိတက္ကသိုလ် မှာနေစဉ် ဒုတိယနာကဆရာတော် ဦးပညာသီဟ ဆုံးမစကားလေးတခွန်းဖြစ်သည်။ ဤစကားသည် တော်တော်မှန်ကန်သောစကားဖြစ်သည် ဆရာတော်ဦးပညာသီဟ ဘယ်သောခါမှ တိုင်းရင်းသာတွေအပေါ်မှာ ခွဲခြားဆက်ဆံသည်မရှိခဲ့ပါ။ မြတ်စွာဘုရားသာသနာတော်ကိုထောက်ကြည့်လိုက်ပါ မြတ်စွာဘုရားရှင်ရဲ့သားတော် ရာဟုလာသည် ငါသည်မြတ်စွာဘုရားရှင်ရဲ့သားတော် ငါ အဖေ ထူထောင်ထားတဲ့ သာသနာတော်မှာ ငါနေချင်သလိုနေမယ် လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့စိတ်ဓါတ်မျိုး ဘယ်သောအခါမှ ရှင်ရာဟုလာစိတ်ထဲမှာ မထားခဲ့ပါ။ မြတ်စွာဘုရားသည်လည်း ငါသား ရာဟုလာဆိုပြီး မျက်နှာသာပေးခဲ့သည်မရှိခဲ့ပါ၊ ရာဟုလာအပေါ်မှာချစ်ခင်သလို သတ္တ၀ါ အနန္တတွေအပေါ်မှာလည်း ရာဟုလာကိုချစ်သလို ချစ်မြတ်နိုးခဲ့သည်။ ဆက်လက်ဖတ်ရန်

ကျနော်သိသမျှ ကျူးကျော်ဘင်္ဂလီ ( ရိုဟင်ဂျာ ) တို့ဘဝ

ကျနော့်ကို ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့ ၊ စေတီတောင်ကွင်းရပ်ကွက် တွင် ၁၉၈၇ အောက်တိုဘာ၁၄ ရက်တွင်မွေးဖွားခဲ့သည် ။ မိခင် နှင့် ဖခင်မှာ ရခိုင်လူမျိုးစစ်စစ်ဖြစ်သည်။ကျောက်ဖြူမြို့သည် ရခိုင်ပြည်နယ်ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ရမ်းဗြဲမြို့ နှင့် ကျောက်ဖြူမြို့တို့က ကျွန်း၏ တဖက်တချက်စီတွင် တည်ရှိသည် ။ ရမ်းဗြဲမြို့နှင့်ကျောက်ဖြူမြို့တို့၏ကြားတွင် စနဲ့ ၊ ဇင်ချောင်းစသော မြို့ငယ်သာသာ ရွာကြီးများရှိသည်။ ကျနော်တို့ ကျောက်ဖြူသည် ရခိုင်ပြည်ရှိ မြို့များတွင် လူမျိုးရေးခွဲခြားမူ့အနည်းဆုံးမြို့တစ်မြို့ဖြစ်မည်ဟု စာရေးသူ ယူဆသည် ။ အဘယ်ကြောင့်ဆိုသော် ကျနော်သည် လေးတန်းကျောင်းသားအရွယ်မှ စ၍ ကုလားလူမျိုးများနှင့် ခင်မင်ပေါင်းသင်းခဲ့သည် အပြင် ကျနော့်ပါတ်ဝင်းကျင်မှ လူများသည်လည်း ကုလားလူမျိုးများအပေါ် လူမျိုးရေးခွဲခြားမူ့ကို မတွေ့ခဲ့ရ ။ ကုလားလူမျိုးဟု ခေါ်ရခြင်းမှာလည်း သူတို့အားနှိမ့်ချလိုသော စိတ်နှင့်မဟုတ် ၊ သူတို့၏ လူမျိုးအားခေါ်ခြင်းမျှသာဖြစ်သည် ဟု စာရေးသူလက်ခံထားသည် ။ ဆက်လက်ဖတ်ရန်

ဗုဒ္ဓဘာသာတို့အတွက် ကဆုံလပြည့်ဗုဒ္ဓနေ့

၁။ မဟာသက္ကရာဇ် တွက်စစ်သောခါ ကိုးဆယ့်ခုနှစ်ခု ရတုချိန်ခါ သားနဲ့သမီး စွန့်ပြီးလို့သာ လောင်းတော်မြတ် တောရပ်ထွက်ခဲ့ရှာ။ ၂။ နော်မာကမ်းစပ် လောင်းမြတ်ရောက်လာ သဟမ္ပတိ မည်ရှိဗြဟ္မာ ရွှေကြာသင်္ကန်း လှူဒါန်းခဲ့ရာ ရဟန်းမြတ် ပြုလတ်ဤနေရာ။ ၃။ ဥရုဝေလ တောဝမြိုင်ခွင် ဒုက္ကရစရိ ကျင့်ဘိအစဉ် ခြောက်နှစ်ပတ်လုံး ကုန်ဆုံးချိန်တွင် လောင်းသိဒ္ဓတ် ဇိနမည်ခေါ်တွင်။ဆက်လက်ဖတ်ရန်

အမေသားကိုတကယ်ချစ်ခဲ့လား

အမေသားကိုတကယ်ချစ်ခဲ့လားအမေ အမေသာသားကိုတကယ်ချစ်ခဲ့ရင် အမေမျက်နှာကိုတောင် မမြင်ဖူးတဲ့သားကို အမေစွန့်ပစ်မှာမဟုတ်ပါဘူးနော် အမေသားကိုမချစ်လို့ပဲစွန့်ပစ်ခဲ့တာမဟုတ်လား အမေ။ ဘာပဲဖြစ်ဖြစ်အမေရယ်….။ အမေ့မှာလည်း အမေ့အခက်ခဲတွေရှိမှာပေါ့ စာဝတ်နေရေး၊ အိမ်ထောင်ရေးကအစပေါ့ ၊ နောင်တချိန် အမေ ကလေးမွေးခဲ့ရင် သားကိုစွန့်ပစ်သလိုတော့ မစွန့်ပစ်နဲ့တော့နော်။ သားခွင့်လွတ်နားလည်ပေးသလို နောင်သားသမီးတွေက အမေကို ခွင့်လွတ်ပေးမှာ မဟုတ်ဘူး။ သားကတော့ အမေ့မှာ အခက်အခဲရှိလို့ သားကိုစွန့်ပစ်ခဲ့တယ်လို့ အမေ့ကို ကျေကျေနပ်ခွင့်လွတ်ပေမယ့် သားနဲ့အတူစွန့်ပစ်ခံရတဲ့ သားရဲ့သူငယ်ချင်းတယောက်က သူရဲ့ မိခင် သူကိုထားခဲ့အကြောင်းကို သား သူငယ်ချင်း ဒဏ္ဍာရီစာအုပ်ထဲမှာရေးထားတဲ့အတိုင်း ပြန်လေရေးသားလိုက်ပါတယ် အမေအားရင်ဖတ်ကြည့်နော်…….။ ဆက်လက်ဖတ်ရန်

ကံကြမ္မာရဲ့သတိုးသမီး

မိုးသည်းထန်နေတဲထိုတစ်ည၊အငြိုးကြီးစွာ ပစ်ချနေတဲ့ မိုးကြိုးပစ်သံတွေကြားမှာ ငိုရှိုက်သံ သဲ့သဲ့လေးကြားလိုက်ရတယ်….။ စူးစမ်းရှင်တဲ့ စိတ်ကြောင်း အဲဒီအနားကို အပြေးကပ်သွားတဲ့အခါ မိန်းမပျော်လေးတစ်ယောက် ဘ၀ပြေးလမ်းမှာ ခြေခေါက်လဲလို့ HIV စွဲကပ်နေပြီတဲ့………….။ သူအဖေက စစ်မြေမြင်အသွားမှာ ထိမှန်တဲ့ ဗုံးတစ်လုံးကြောင့် ဒုက္ခိတ ဘ၀ရောက် တိုင်းပြည်တာဝန်ခံယူထားလို့ မြင့်မြတ်ပါတယ်လို့ခံယူထားတဲ့ အဖေ....။ဆေးပငစင်စားသမားများ အိမ်ခန်းမှာ မထားနိုင်ဆိုတဲ့ စာရွက်လေးကိုကိုင်ကာ အခုတော့…..ကြိုက်မနိုင်ခံမရ ဒေါသပုန်းထနေပြီ..။ ဆက်လက်ဖတ်ရန်

နိုင်ငံခြားလာတဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲညီမငယ်?

သာဝတ္ထိပြည်ရဲ့ အလှတကာ့ထွဋ့်တင် အလှမယ်လေး အားလုံးက နှစ်ခါပြန်ကြည့်ရအောင် ခန္ဓာကိုယ် သေသန့်မှု ပေါင်ဒါမသုံးပဲ လှပတဲ့မျက်ဝန်းပိုင်ရှင် ရွေဝါရောင် အသားအရေ နက်ရှိုင်းရှည်လျားသော ဆံကေသာပိုင်ရှင်၊ သူမရဲ့ နောက်ကြောင်းကိုမသိတဲ့သူတွေကတော့ အထင်ကြီးလေးစားကြသည် နောက်ကြောင်းသမိုင်းအစကိုသိသူတွေအတွက်ကတော့ တွံတွေးခွက်ထဲက သလစ်ခဲပါတဲ့ သူမကို တစ်ချို့က နှင်းဆီခိုင် လို့ပြောရအောင် လှပတဲ့ ခန္ဓာပိုင်ရှင်မလေး၊ တချို့က မိုးဆွေပန်းတဲ့ အဆင့်သာရှိပြီး အနှံမရှိတဲ့ မိုးဆွေးပန်းလို့တင်စားခေါ်ဆောင်ကြသည်။ ဆက်လက်ဖတ်ရန်

တောင်နီတောင်ကို သက်သေတိုင်၍

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်သူတော်များအဖို့ ရက်ကောင်းရက်မြတ်ဖြစ်ပေသည် မြတ်ဗုဒ္ဓကို အကြွင်းမဲ့သက်ဝင်ယုံကြည်ကြသော မာန်အောင်သူ မာန်အောင်သားများသည် ကဆုန်လပြည့် မတိုင်ခင် လေးငါးရက်ကတည်းက တောင်နီဘုရားကိုသွားရောက်ပြီး ချက်ပြုတ်စားသောက် ရဟန်းသံဃာများကို ဆွမ်းကပ်လှူဒါန်းပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ညောင်ရေသွန်းလောင်းကြသည်။ ကျွန်တော်သည် တောင်နီဘုရားကို တစ်ခါမှ မရောက်ဖူးသေးသော်လည်း သွားချင်စိတ်က တဖွဖွဖြစ်နေ့ခဲ့သည်မှာ ကြားခဲ့လေပြီ၊ ဒီနှစ်တော့ မဖြစ်မနေသွားမည်ဟု ဆုံးဖြတ်ကာ သူငယ်ချင်းများတိုင်းပင်ပြီး ကဆုန်လဆန်း ဆယ်သုံးရက်နေ့ တောင်နီဘုရားကို သွားရောက်ခဲ့ကြသည်။ ဆက်လက်ဖတ်ရန်

မေဃမြေမှ ချစ်စရာဓလေ့မွန်များ

မေဃ၀တီဟုခေါ်သော မာန်အောင်ကျွန်းမှာ ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းလွတ်တစ်ကျွန်းတစ်ကျွန်းဖြစ်ပေသည်။ ကျွန်းပေါ်တွင်ရွာပေါင်း ၁၄၀-ကျော်ရှိသည်။ လူဦးရေ ငါးသောင်းခြောက်ထောင်ကျော်ရှိသည်။ စီးပွားရေးမှာ အဓိကအာဖြင့် ဆန်စပါးစိုက်ပျိုးရေး၊ ဆေးလုပ်ငန်း၊တံငါလုပ်ငန်း၊ အုန်းသီးကွမ်းသီး စိုက်ပျိုးရေးလုပ်ငန်းများပင်ဖြစ်ပေသည်။ စီးပွားရေ အခြေအနေကောင်းမွန်သလောက် အခြားဒေသများနှင့် ဆက်သွယ်မှုများတွင် အားနည်းလျှက်ရှိသည်၊ တစ်လလုံးမှ ၂-ပတ်မှ ၃-ပတ်အထိသာရှိသော သင်္ဘောတစ်စင်းနှင့် နွေရာသီလောက်သာ ခရီးစဉ်ရှိသော ဒါကိုဒါလေယာဉ် ခရီးရှိသည်။ ဆက်လက်ဖတ်ရန်

မေဃ၀တီ မာန်အောင်ကျွန်း ကအီးကမ်းခြေအလှနှင့် အဖိုးတန် မဂန်း

၂၀၁၀ပြည့်နှစ် ဖေဖော်ဝါရီ ၃ရက် ည ၂၂ နာရီ ၄၅မိနစ်...အိပ်လို့ကောင်း နေသည့် အချိန် တယ်လီဖုန်း က ၀င်လာသည်။ ဖုန်းကိုကိုင်လိုက်တော့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်၅နာရီ အရောက်သွား၍ အဲပုဂံကောင်တာ တွင်လေယာဉ်လက်မှတ်လုပ်ကာ ရခိုင်ပြည်နယ်သို့ခရီးထွက်ရမည်ဟု ဌာနမှ အရေးပေါ်တာဝန်ပေးလာသည်။ နံနက် ၅နာရီ လေဆိပ်ရောက်တော့ မြန်မာ့ ရုပ်မြင်သံကြားအဖွဲ့နှင့် MRTV-4 အဖွဲ့မှ အဖွဲ့သားတွေနဲ့ဆုံကြပြီး ညတွင်းချင်း အရေးပေါ်စီစဉ်ထားသည် ဆိုသော လေယာဉ်လက်မှတ်ကိစ္စကိုကြိုးပမ်းကြရသည်။ ဆက်လက်ဖတ်ရန်

အမေ့နေ့

အမေ..သား ကျောင်းမတက် ချင်တော့ဘူး။ စာတတ်တော့လည်း ဘာထူးလို့လဲဗျာ။ အမေတို့ကိုပဲ ကူညီတော့ မယ်လေနော်အမေ။" ကျွန်တော့်ရဲ့ အားတက်သရော စကားသံမှာ အမေလက်ခံ သဘောတူ လိမ့်မည်လို့ ထင်မထား မိတာမို့ အမေ့မျက်နှာ ရိပ်ပြောင်းလဲမှုကို ကျွန်တော် လုံးဝသတိမထားမိ လိုက်တာပါ။ သတိထား မိလိုက်ချိန်မှာတော့ အမေ့မျက်နှာက ရဲတွတ်ပြီး ဒေါသ၊ အမျက်ခြောင်းခြောင်း ထွက်နေလေပြီ။ "ကိုမင်း..နင်ဘာစကား ပြောလိုက်တယ်။ ပြန်ပြောလိုက်စမ်း ငါ့ကို။ ဆက်လက်ဖတ်ရန်

အချစ်ကြောင်းရှာရှာလည်ခဲ့သူ

မြို့ကြီးမှာ မွေးဖွားသူတွေအထင်ကတော့ တောသားမြို့ရောက် ‘ကသောက်ကယောက်’တဲ့ ကိုဒါသ တစ်ယောက် မိမရှိ ဘမရှိ တစ်ကောင်ကြွက်တစ်မျက်နှာ တောမှာနေသော်လည်း ထမင်းတစ်နပ် စာအတွက် ပူပင်သောကရောက်စရာမလိုပါ တစ်ရွာလုံးကသူကို ရိုးသားဖြောင့်မတ်သောကြောင့် ချစ်ခင်ကြသည်။ ဘယ်သူခိုင်းခိုင်း ညိုညင်သည်မရှိ သူထမင်းစားရလျှင် ကျေနပ်နေတတ်သူ။ ဆက်လက်ဖတ်ရန်
No posts.
No posts.